Posts

Showing posts from November, 2021

Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ ?

Image
  Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ ? အခုခေတ် မိန်းကလေးတွေဟာ ကိုရီးယားမလေးတွေလို သဘာဝဆန်ဆန်လေး ပင်ကိုယ်အလှနဲ့ လှချင်တဲ့သူ များပါတယ်။ ဒီတော့ မိတ်ကပ်ဆိုလည်း ခပ်ပါးပါးလေး လိမ်းတာမျိုး ရှိလာပါတယ်။ ပင်ကိုယ်အလှနဲ့ လှပဖို့ဆိုတာ အရေးအကြောင်း၊ ဝက်ခြံ၊ တင်းတိပ်၊ မျက်ကွင်းညိုတာတွေ၊ အသားအရေခြောက်တာတွေ မရှိမှ ဖြစ်မှာပါ။ ဒီတော့ မိတ်ကပ်လိမ်းတာထက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ(Skin Care) တွေကို ပိုပြီး ဦးစားပေး သုံးလာကြပါတယ်။ Skin Careတွေထဲမှာ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်၊ တိုနာ၊ Eye Cream၊ Essence အများကြီးပါပဲ။ ဒီလို အများကြီးကို အချိန်မှန်အောင် သုံးတတ်ဖို့တော့ လိုပါတယ်။ Skin Care တွေ အများကြီး ဝယ်ထားပြီး ဘယ်ဟာအရင်စသုံးရမလဲမသိရင်တော့ ဖတ်ကြည့်ပါဦးနော်။ Skin Care စလုပ်ပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ မိတ်ကပ်ဖျက်ဆေး ဒါမှမဟုတ် အဆီစုပ်တဲ့ စက္ကူတွေ သုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို အရင်ဖယ်ရှားလိုက်ပါ။ နောက်ပြီးရင်တော့ ရေဓါတ်များများ ပါဝင်တဲ့ Cleanser သုံးပေးဖို့ လိုပါတယ်။ ဒါက အညစ်အကြေးတွေကို နှစ်ဆ သန့်စင်စေပါတယ်။ သန့်စင်တဲ့ ကိစ္စတွေပြီးပြီဆိုရင်တော့ တိုနာအလှည့်ရောက်ပါပြီ။ တိုနာကတော့ ရေဓါတ်ကိုလည